ဝှုဇုရ်စွန္နသ်တော်များ
ISLAM POST
ဝုသူ ရေသန့်စင်ခြင်းဆိုင်ရာ စွန္နသ်တော်များ (၁) မိမိအိမ်မှ ဝုသူရေသန့်စင်ကာ ဗလီဝတ်ကျောင်းတော်သို့သွားခြင်း (၂) ဝုသူရေသန့်စင်ရန် ရည်စူးချက်ဖြင့် ဝုသူပြု ခြင်း(ဥပမာ-"ကျွန်တောမျိုးသည် နမာဇ်ဝတ်ပြုရန်အတွက် ဝုသူပြု လုပ်ပါ၏")ဟု ရည်စူးခြင်း (၃) "ဗစ္စမစ်လ္လာ ဟစ်ရ်ရဟ်မာ နစ်ရ်ရဟီမ်း" ဆိုလျက် ဝုသူရေသန့်စင်ခြင်း (၄) လက်နှစ်ဖက်လုံးကို လက်ကောက်ဝတ်ပါအောင် သုံးကြိမ်သုံးခါ ဆေးကြောခြင်း (၅) တံပူစားခြင်း(တံပူမရှိပါက လက်ချောင်းဖြင့်သွားတိုက်ခြင်း) (၆) သုံးကြိမ်သုံးခါ နှုတ်ကျင်းခြင်း (၇) သုံးကြိမ်သုံးခါ နှာခေါင်းအပေါ်ဖက်သို့ ရေရှုခြင်း (၈) သုံးကြိမ်သုံးခါ နှပ်ညှစ်ခြင်း (၉) အစိတ်အပိုင်းတိုင်းကို သုံးကြိမ်သုံးခါ ဆေးကြောခြင်း (၁၀) မျက်နှာဆေးကြောရာတွင် မုတ်ဆိတ်မွှေးများအကြား လက်ချောင်းများထိုးသွင်းကာ ခိလာလ်ပြုလုပ်ခြင်း(ပွတ်တိုက်ခြင်း) (၁၁) လက်နှင့်ခြေထောက်တို့ကို ဆေးကြောသည့်အခါ လက်ချောင်းများ၏အကြားနှင့်ခြေချောင်းများ၏အ ကြား လက်ချောင်းတစ်ချောင်းဖြင့် ခိလာလ်ပြုလုပ်(ပွတ်တိုက်)ခြင်း (၁၂) ဦးခေါင်းတစ်ခုလုံးကို တစ်ကြိမ်တည်း မစဟ်ပြု လုပ်(ပွတ်တိုက်)ခြင်း (၁၃) ဦးခေါင်းကို မစဟ်ပြု ပွတ်သပ်ရင်း နားရွက်များကိုပါ မစဟ်ပြု ပွတ်တိုက်ခြင်း (၁၄) ဝုသူ၏ အစိတ်အပိုင်းများကို ပွတ်တိုက်ကာဆေးကြောခြင်း (၁၅) ဝုသူရေသန့်စင်ရာတွင် အစိတ်အပိုင်းများ တစ်ခုပြီးတစ်ခု ဆက်တိုက် ဆေးကြောခြင်း (၁၆) ဝုသူရေသန့်စင်ရာတွင် အစိတ်အပိုင်းများကို အစဉ်လိုက် ဆေးကြောခြင်း (၁၇) အစိတ်အပိုင်းတိုင်းကို ယာဖက်မှ အစပြု ၍ ဆေးကြောခြင်း (၁၈) ဝုသူရေသန့်စင်ပြီးနောက် အောက်ပါ ကလိမဟ်တော်ကို ရွတ်ဆိုခြင်း "အတ်ရှ်ဟဒု အန်လ္လာအိလာဟ အစ်လလ္လာဟု စအတ်ရှ်ဟဒု အန်းန မုဟမ္မဒန် အဗ္ဗဒုဟူ ဝရစူလုဟူ"
ISLAM POST
Labels: စွန္နသ်တော်များ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home