ခိုဌက်အကြောင်းဟဒီစ်တော်
ISLAM POST
(((ခိုဌက်အကြောင်း)))
ခိုဌက်နှင့်ပတ်သက်ပြီး ဟဒီစ်တော်များ
၁။အလွန်ဝေးလံသည့် နေရာတွင်သွားရောက်
လွှတ်ထားလိုက်ပါကလည်း မိမိအားမွေးမြူ ထားသည့်
အိမ်သို့ ပြန်ရောက်လာခြင်း
၂။ရှေးယခင်က ခိုဖြင့်သာ စာအဆက်အသွယ်ပို့ဆောင်
ပြုလုပ်ခဲ့ခြင်း။
၃။ခိုဌက်များသည် သိန်းဌက်များကို လွန်စွာကြောက်ရွံ့တတ်ခြင်း။
၎။ခိုသတ္တ၀ါများ၌ အကျင့်မွန်တစ်ရပ်ရှိသည်မှာ
အမသည် မိမိ၏ စုံတွဲအထီးမှ အခြားအထီးအား မိတ်လိုက်ရန်
မပေးသလို အထီးကလည်း မိမိ၏စုံတွဲအမမှ အပ အခြားအမနှင့်
မိတ်လိုက်ခြင်းမရှိပါ။ ရံဖန်ရံခါ စုံတွဲအထီးမရှိသည့်အခါမျိုးတွင်
အခြားခိုထီးနှင့်မိတ်လိုက်တတ်သည်။
၅။ခိုဌက်များသည် မိတ်မလိုက်ခင်အလျင် လူကဲ့သို့ နမ်းရှုတ်တတ်
ကြသည်။
(((တရားတော်ပညတ်ချက်)))
၁။ခိုသားစားခြင်းမှာ ဟလာလ်ဖြစ်၏ စားပိုင်၏။
၂။အိမ်များတွင် ခိုဌက်ဂျိုးဌက်အစရှိသည်တို့အား
အလှအပအတွက်မွေးမြူခြင်းပိုင်၏။
၃။ခိုချေးနှင့် စားပိုင်၊စားမပိုင်သတ္တ၀ါများ၏ချေးများကို
အရောင်းအ၀ယ်ပြုခြင်းမပိုင်ချေ။အီမာမ်အဘူဟနီဖဟ်ထံ
တွင် နွားချေးအရောင်းအ၀ယ်ပြုပိုင်ကြောင်းသိရ၏။
အိပ်မက်သဘော
၁။အကယ်၍ တစ်ဦးတစ်ယောက်သည်လေဖြတ်သွားပါက
လေဖြတ်မည့်အရိပ်အရောင် ပေါ်လာပါက ခိုဌက်များ
မွေးမြူ ထားသည်နေရာတွင်နီးကပ်စွာ နေပေးပါ ၊အကျိုးရှိ၏။
၂။ထိုလေဖြတ်နေသူအားခိုသွေးလိမ်းပေးခြင်းနှင့်
အသားစားသုံးခြင်းများစွာထိရောက်မှုရှိ၏။
၃။ခိုသွေးကို ဇိုင်သွန်ဆီတွင် ရောနှော၍ မီးလောင်ကျွမ်းထားသည့်
နေရာတွင် လိမ်းပေးပါက လျှင်မြန်စွာပျောက်ကင်းသည်။
အိပ်မက်သဘော
၁။တစ်ဦးတစ်ယောက်သည် ခိုဌက်အား အိပ်မက်လျှင် စစ်မှန်သော
မိတ်ဆွေနှင့်ဆု့တွေ့ရအံ့။
၂။ခိုမအားအိပ်မက်လျှင် ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသော
ချောမောလှပသော အမျိုးသမီးနှင့် ဖူးစာဆုံရအံ့။
၃။အကယ်၍ ရောဂါဝေဒနာခံစားနေရသူက
မိမိ၏ဦးခေါင်းပေါ်တွင် ခိုဌက်ထိုင်နေသည်ဟု မြင်မက်ပါက
သေခြင်းတရားဘက်သို့ရည်ညွှန်းပါသည်။
၎။အကယ်၍ တစ်ဦးတစ်ယောက်သည် ခိုဌက်များကို
အစာချကျွေးနေသည်ဟု မြင်မက်သော် ထိုသူသည်လူမျိုးစု၏
လမ်းပြရှေ့ဆောင်ဖြစ်အံ့။
၅။တစ်ဦးတစ်ယောက်သည် အိပ်မက်၌ ခိုညည်းသံကိုကြား
ရသည်ဟုမြင်မက်လျှင် ထိုသူ၏ အမျိုးသမီးသည်
၎င်းနှင့်ပြသနာရန်ရှာအံ့။
၆။မိမိလက်ထဲမှ ခိုဌက်သည် လွတ်ထွက်ပျံသန်းသွားပြီးပြန်လည်၍
မလာဟု အိပ်မက်ပါက ထိုသူ၏ဇနီးကွယ်လွန်အံ့သို့မဟုတ်ကွာရှင်း
ပြတ်စဲအဲံ့။
ISLAM POST
Labels: ဟဒီစ်တော်စာသား
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home