Wednesday, May 10, 2017

ရှဗေဗရာအသ်ဧ။်ထူမြတ်မှုများ

ISLAM POST


ရှဗေဗရာအသ်၏ထူးမြတ်မှု့များ...( 3 ) အသားအစ်ဗနုယာစိရ်သခင်က ပြောသည်မှာ ဤ ( ရှဗေဗရာအသ် ) ညတွင် အစ်ဇ်ရာအီလ်ကောင်းကင် တမန်ကြီးအား ဤနှစ်အတွင်းသေ ဆုံးမည့်သူနှင့် ပတ်သက်၍အကြောင်း ကြားခြင်ပြုပြီးထိုသူတို့၏ဝိညာဉ် များကို နှုတ်ယူရန်အမိန့်ပေးခြင်းပြု၏။ ( အံ့သြစရာကာ ) ထိုသူသည် သစ်ပင်စိုက်ပျိုးလျက်ရှိ၏။ အိမ်များနှင့်တိုက် များဆောက်လုပ်လျက်ရှိ၏။ စင်စစ်မှာ ထိုသူ၏ အမည်ကာ သေသူတို့၏စာရင်းတွင် ရေးသားပြီးဖြစ် လေသည်။ နဗီတမန်တော်မြတ်မိန့်ကြားတော်မူးကြောင်း အနတ်စ်အစ်ဗ်နုမာလစ်က် သခင်က ဤသို့ပြောပြ၏။ အလ္လာဟ်အသျှင်မြတ်သည် အရ်ရှ် ပုလ္လင်တော် အောက်ဝယ် နူရ်အလင်းရောင်တစ်ခု နှင့် ကောင်းကင်တမန် တစ်ပါးကို ဖန်ဆင်းတော်မူ၏။ ထိုကောင်းကင်တမန်တွင် တောင်ပံနှစ်ခုရှိ၏။ တစ်ခုမှာ အရှေ့ဘက်တွင်ရှိ၍ ဒုတိယတစ်ခုမှာအနောက်ဘက် တွင်ရှိ၏။ ၎င်းအပြင် ထိုကောင်းကင် တမန်၏ ဦးခေါင်းသည် အရ်ရှ်ပုလ္လင်တော်အောက်တွင်ရှိ၍ ခြေထောက် နှစ်ဖတ်စလုံးသည် မြေ ( ၇ ) ထပ်အောက် တွင်ရှိ၏။ ထို့နောက်မည်သူမဆို ရှအ်ဗာန်လတွင် ငါကိုယ်တော်အပေါ်သို့ ဒရုဒ်မေတ္တာ ပို့သလျှင် အလ္လာဟ်အသျှင်မြတ်သည် ထိုကောင်းကင်တမန်အား အာဗေယာသ်တွင် ရေငုတ်လော့ဟု အမိန့်ရှိတော်မူ၏။ တဖန်ထိုကောင်းကင်တမန်သည် ထိုရေမှထွက်၍ မိမိအတောင်ပံ နှစ်ဖတ်ကိုခါချသောအခါ ယင်းအ တောင်ပံများမှ ရေပေါက်များကျ၏။ တဖန်အလ္လာဟ်အသျှင်မြတ်သည် ရေပေါက်အသီးသီးမှ ကောင်းကင် တမန်တစ်ပါးစီဖန်ဆင်းတော်မူ၏။ ထိုကောင်းကင်တမန်များသည် ထိုသူအတွက် ကိယာမသ်နေ့အထိ အပြစ်မှလွတ်ငြိမ်းချမ်းသာမှု့ကို အသနားခံပေကြ၏။ ( ဖဇာအိလေ ရှအ်ဗာန် _ စာမျက်နှာ _ ၁၃ ) ကျွန်ုပ်တို့သည်ယနေ့မှစ၍ မိမိအရှင်အလ္လာဟ်အသျှင်မြတ်နှင့်ဆက်သွယ်ကြပါစို့။ အပြစ်နှင့်မကင်းသာ ကျွန်ုပ်ပန်ကြားလိုသည်မှာ အလ္လာဟ်အသျှင်မြတ်၏အမိန့်တော်ကိုနာခံ၍ အပြစ် ကျူးလွန်မှု့များကိုရပ်ဆိုင်းလိုက်ကြပါစို့။ ဒုစရိုက်မှု့များကိုကျူးလွန်ဘူးခဲ့ကြပါပြီ။ သုစရိုက်တရားနှင့်အမှန်တရားကိုလည်းကျင့်သုံးကြည့် ကြပါစို့လား။ သွေဖယ်မှု့နှင့်အမိန့်မနာခံမှု့များကိုကျူးလွန်ခဲ့ဘူးကြပါ ပြီ။ ယခုလိုက်နားခြင်း၏အရသာကိုလည်း မြည်းစားကြည့်ကြပါစို့လား။ လူတို့နှင့်ဆက်သွယ်ဘူးကြပါပြီ။ ယခုအလ္လာဟ် အသျှင်မြတ်နှင့်ဆက်သွယ်လိုက်ကြရအောင်လား။ ထိုအသျှင်နှင့်ကင်းဝေးခြင်းကြောင့်ကျွန်ုပ်တို့သိမ်ငယ် နေကြရပါပြီ။ ယခုလည်းကျွန်ုပ်တို့သည် အရှင့်ရှေ့တော်မှောက်တွင်ဦးညွတ်ခြင်းပြုကြရမည် မဟုတ်ပါလော။ ကျွန်ုပ်တို့သည်ထိုအသျှင်မြတ်နှင့်ကင်းဝေးစွာ နေကြသည်မှာထိုအသျှင်မြတ်ကကျွန်ုပ်တို့နှင့်မကောင်းစွာဆက်ဆံတော်မူနေလို့လား။ အလ္လာဟ်အသျှင်မြတ်၏ထံတော်၌ဦးမချပဲတိမ်းရှောင် နေသောဦးခေါင်းသည်အသျှင်မြတ်၏ရှေ့တော် မှောက်တွင်ယခုတိုင်ဦးမချသေးလျှင်အဘယ်ညတွင်ဦးချမည်နည်း။ အထူးသတိပြုရမည့်အချက်မှာထိုအသျှင်မြတ်သည် အကယ်၍ ကျွန်ုပ်တို့နှင့်ခွဲခွာတော်မူလျှင် ကမ္ဘာ ပေါ်ရှိအရာဟူသရွေ့တို့လည်းကျွန်ုပ်တို့နှင့်ခွဲခွာသွား ပေမည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် ယင်းကဲ့သို့အဖိုးထိုက်တန်သောအခွင့်ကောင်း ကိုအသုံးချ၍ အလ္လာဟ်အသျှင်မြတ်နှင့်ဆက်သွယ်ပြီး မိုးရေကဲ့သို့ရွာသွန်းလျက်ရှိသော ထိုအသျှင်မြတ်၏ ရဟ်မသ်တော်ကိုဆည်းပူးရယူသင့်ပြီမဟုတ်ပါလော။ ကျွန်ုပ်တို့သည် ရဂျဗ်လတွင် ခဝတ်ကိုးကွယ်မှု့၏မျိုးစေ့ကိုပျိုးခဲ့ကြပြီးမဟုတ်လော။ ဤမျိုးစေ့ကိုရှအ်ဗာန်လတွင် ကျွန်ုပ်တို့၏မျက်ရည် ဖြင့်သွန်းလောင်းလျှင် အင်ယှာ အလ္လာဟ် ရမဇာန်လမြတ်တွင်အလ္လာဟ်အသျှင်မြတ်၏ အဆုံးမရှိ သော ရဟ်မသ်၏လယ်ယာကို ရိပ်သိမ်နိုင်ကြပေးမည်။ ကျွန်ုပ်နှင့်တကွအီမာန့်ရှင်အားလုံးလိုက်နာနိုင်တဲ့စွမ်းအား အလ္လာဟ်အသျှင်ချီးမြှင့်တော်မူပါစေ။

ISLAM POST

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home