islam post
Saturday, August 19, 2017
Friday, May 26, 2017
ရိုဇာအမျိးအစားများအကြောင်း
ISLAM POST
ရိုဇာဟ်အမျိုးအစားများအကြောင်း
ရိုဇဟ် သုံးမျိုးရှိသည်။ ဖရ်ဇ်၊ ဝါဂျိဗ်၊ နဖိလ်။ ဖရ်ဇ်တွင် နှစ်မျိုးရှိသည်။ တမျိုးမှာ အချိန် သတ်မှတ်ထားသော ရိုဇာဟ်ဖြစ်သည်။ ရမဿွာန်လ၏ ရိုဇာဟ်ကို ဆိုလိုသည်။ ရမဿွာန်လ၏ ရိုဇဟ်သည် ရမဿွာန်ရောက်မှ ဖရ်ဇ်ဖြစ်၏။ ဖရ်ဇ်၏ ဒုတိယအမျိုးအစားမှာ အချိန်မသတ်မှတ်ထားသော ဖရ်ဇ် ရိုဇဟ် ဖြစ်သည်။ ရမဿွာန်လတွင် ပျက်ခဲ့သည့်ရိုဇာဟ်များအား အစားပြန်ဖြည့်ရမည့် ရိုဇာဟ်များနှင့် ကဖ္ဖါရဟ်၏ ရိုဇာဟ်များကို ဆိုလိုသည်။
ဝါဂျိဗ်တွင်လည်း နှစ်မျိုးရှိသည်။ တခုမှာ အချိန် အတိအကျသတ်မှတ်ထားသည့် နဇရ်ရိုဇာဟ် ဖြစ်သည်။ မည်သည့် နေ့၊ ရက်တွင် ရိုဇဟ်ထားမည်ဟု ကိုးထားလျှင် ယင်း နေ့တွင် ရိုဇဟ်ထားရန် ဝါဂျိဗ် ဖြစ်၏။
ဝါဂျိဗ်၏ ဒုတိယအမျိုးအစားမှာ အချိန်ဖြင့် ကန့်သတ်ထားခြင်း မရှိသည့် နဇရ်ရိုဇာဟ် ဖြစ်သည်။ ရိုဇာဟ်ထားမည်ဟုသာ ကိုးထားသည်။ မည်သည့်နေ့ ရက် စသည်များ ထည့်သွင်း သတ်မှတ်ထားခြင်း မရှိ။ ထို့အတူ နဖိလ်ရိုဇဟ်ထားမည်ဟု ရည်ရွယ်၍ ရိုဇာဟ်ကို အစပြုပြီးမှာ ဖျက်လိုက်လျှင် ယင်း ရိုဇာဟ်ကို ပြန်ဖြည့်ရန် ဝါဂျိဗ် ဖြစ်သည်။
နဖိလ်ရိုဇာဟ်
နဖိလ်ရိုဇာဟ်ကို ရမဿွာန်လနှင့် ရိုဇာဟ်ထားခွင့်မရှိသည့် နေ့ ငါးနေ့မှအပ တနှစ်ပတ်လုံး ကြိုက်သည့်နေ့ ရက်တွင် ထားနိုင်သည်။ နဖိလ်ရိုဇဟ်တွင် စွန္နသ်ရိုဇဟ်နှင့် မုစ်သဟဗ်ရိုဇဟ် ဟူ၍ နှစ်မျိုးရှိသည်။
အာရှူရာအ်နေ့နှင့် နောက်တရက် တွင်ထားရသည့် ရိုဇာဟ် (အာရှူရာအ်ရိုဇာဟ်နှစ်လုံး) တို့သည့် စွန္နသ် ရိုဇာဟ် ဖြစ်သည်။
မုစ်သဟဗ်ရိုဇဟ်
အရဖဟ်နေ့ (ဇိလ်ဟဂ်ျလ ကိုးရက်နေ့) ၏ ရိုဇဟ်၊ ရှောက်ဝလ်လ၏ ရိုဇဟ် ခြောက်လုံး၊ အပတ်စဉ် တနင်္လာနေ့နှင့် ကြာသပတေးနေ့တွင် ရိုဇဟ်ထားခြင်း၊ အရဗီလ၏ ၁၃၊ ၁၄၊ ၁၅ ရက်များတွင် ရိုဇဟ်ထားခြင်း၊ ဆောင်မေ ဒါဝူဒီခေါ် တရက်ခြား ရိုဇဟ်ထားခြင်း (ရမဿွာန်လမှအပ တခြားသော လများတွင် နေ့စဉ်ရက်ဆက် နဖိလ်ရိုဇဟ် ထားလိုပါက တရက်ခြား ထားခြင်းက အကောင်း ဆုံး ဖြစ်သည်။) ဇိလ်ဟဂ်ျလ အစမှ ကိုးရက်နေ့အထိ ရိုဇဟ်ထားခြင်း၊ ရှအ်ဗာန်လ ဆယ့်ငါးရက်နေ့၏ ရိုဇဟ်တို့ ဖြစ်သည်။ အထက်ပါ ရိုဇဟ်များအပြင် မည်သည့်နေ့ရက်တွင်မဆို နဖိလ်ရိုဇဟ်များ ထားခြင်းသည်လည်း မုစ်သဟဗ်ဖြစ်ပါသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်သည် ရက်၊ လများ သတ်မှတ်ခြင်းမရှိဘဲလည်း ရိုဇဟ်များစွာကို ထားတော်မူခဲ့သည်။ အထူးသဖြင့် ရှအ်ဗာန်လတွင် ရိုဇဟ် များစွာ ထားတော်မူသည်။
မှတ်ချက်။ ရိုဇဟ်များတွင် ရမဿွာန်လ၏ ရိုဇဟ်အား ထားမည်ဟု ရည်ရွယ်ပြီးမှ တမင်သက်သက် ရိုဇဟ်ပျက်စေသည့် လုပ်ရပ်များကို လုပ်လိုက်လျှင် ယင်းရိုဇဟ်အတွက် ကဖ္ဖရဟ် ရိုဇဟ် အလုံး ခြောက်ဆယ် ထားရမည်။ ရမဿွာန်လ၏ ရိုဇဟ်မှအပ ကျန်ရှိသော မည်သည့် ရိုဇဟ်တွင်မဆို ဖျက်ပါကလည်း ကဇွာသာ တာဝန်ရှိ၏။ ကဖ္ဖာရဟ် တာဝန်မရှိပါ။ ရိုဇဟ်တိုင်းတွင် ရိုဇဟ်ထားသည် ဟူသည့် ရည်ရွယ်ချက် ရှိရမည်။ ရိုဇဟ်ထားကြောင်း ရည်ရွယ်ပြီး ရိုဇဟ် စတင်လိုက်သည်။ ဖဂျရ်ဝင်ပြီးနောက် ရိုဇဟ်ပျက်သွားသည်ဖြစ်စေ၊ ဖျက်လိုက်သည် ဖြစ်စေ ယင်းရိုဇဟ်အား အစားပြန်ဖြည့်ရန် တာဝန်ရှိသည်။ နဖိလ်အိဗာဒသ်ကို အစပြုပြီးနောက် ဖျက်လိုက်လျှင် ယင်းအား အစားပြန်ဖြည့်ရန် တာဝန်ရှိသည်။ ပမာ နဖိလ်နမားဇ်ဖတ်နေသည်။ တခုခုကြောင့် နမားဇ်ဖျက်လိုက်လျှင် ယင်းနမားဇ်ကို အစားပြန်ဖြည့်ရမည်။ နဖိလ်ရိုဇဟ်ထားသည်။ အကြောင်းကြောင့် ပျက်သွားလျှင် သို့မဟုတ် ဖျက်လိုက်ရလျှင် အစားပြန်ဖြည့်ရပါမည်။
အလ်မုဖီးဒ် မှ copy ဖြစ်သည်
ISLAM POST
Labels: ISLAM ဗဟုသုတ
Saturday, May 13, 2017
ဒီဒွန္နယာ လောကမှာ အအ်မာလ်မလုပ်ဘဲ အကျိုးစဝါးဗ် ရမည့် အရာသုံးခ
ISLAM POST
ဒီဒွန္နယာ လောကမှာ အအ်မာလ်မလုပ်ဘဲ အကျိုးစဝါးဗ် ရမည့် အရာသုံးခု ....
{1} မိဘရဲ့ မျက်နှာကို ပြုံးရွှင်စွာနဲ့ ကြည့်နေခြင်း
{2} ကျမ်းတော်မြတ်ကုရ်အာန်ကို ကြည့်နေခြင်း
{3} ကအ်ဗာဟ်ကျောင်းတော်ကို ကြည့်နေခြင်း
မိဘရဲ့မျက်နှာကို ပြုံးရွှင်စွာနဲ့တစ်ကြိမ်ကြည့်မယ်ဆိုရင် အလ္လာဟ်အရှင် လက်ခံတဲ့ ဟဂ်ျတစ်ကြိမ် ပြုလုပ်တဲ့ စဝါးဗ်ရရှိမည် ။
ကျမ်းတော်မြတ် ကုရ်အာန်ကို မဖတ်တက်ပေမဲ့လည်း
ဒီအာယသ်တွေက အလ္လာဟ်ရဲ့ ကလာမ်တော်တွေ ဖြစ်တော်မူပါလားဆိုတဲ့ အတွေးလေးနဲ့ ကြည့်တာကိုက စဝါးဗ်ရစေတာတဲ့ဗျာ ။
ကအ်ဗာဟ်ကျောင်းတော်ထဲမှာ ဘာအအ်မာလ်မှ မလုပ်ဘဲနဲ့ ကအ်ဗာဟ်ရှရီဖ်ကို ကြည့်နေခြင်းကလည်း စဝါးဗ်ရစေသည် ။
ကအ်ဗာဟ်ရှရီဖ်ပေါ်သို့ ၂၄ နာရီစလုံး အလ္လာဟ်အရှင်မြတ်ရဲ့ ရဟ်မသ်တော် အကြိမ်ပေါင်း (၁၂၀) ကျနေတော်မူတယ်
်
သွဝါးဖ်လှည့်နေတဲ့သူတွေ အပေါ်မှာ (၆၀)
အေဗာဒသ်နေသူတွေ အပေါ်မှာ (၄၀)
ကအ်ဗာဟ်ကို ကြည့်နေသူအပေါ်မှာ (၂၀)
" ဒီအွမ္မသ်ကို လွယ်ကူစွာ ပေးထားသော အအ်မလ်တွေကို ပြည့်ပြည့်ဝဝ ပြုလုပ်ကြပါစေ "
ISLAM POST
Labels: ISLAM ဗဟုသုတ
ကြက်ဖအကြောင်း
ISLAM POST
ကြက်ဖ အကြောင်း
အရဗီအဘီဓာန်၌ "ကြက်ဖ"အား(အဒ်ကီးက်)ဟု
ခေါ်ဆိုသည်။ကြက်ဖ များ၏ထူးခြားချက်မှာ ၎င်းသည်
မိမိ၏ သားပေါ်က်ကလေးများအားအတွယ်အတာ
မရှိပေ။ကြက်မများရှိသည့် နေရာကို ရောက်သွားသည့်
အချိန် ကြက်မ အားလုးံနင့် မိတ်လိုက်လေ၏။
အခြားထူးခြားချက်တစ်ရပ်မှာ ကြက်ဖ များသည်
ညအချိန်များကို ခွဲခြားပိုင်းခြားစွာ သိလေ၏။ထို့ကြောင့်
တွန်နေကြအချိန် ပုံမှန်တွန်လေ့ ရှိသည်။
ယင်းကို ထောက်ရူ၍ ကာဇီဟုစိုင်နင့်ရာဖိအီ သခင်တို့က
ကြက်ဖတွန်သံဖြင့် နမာဇ်အချိန်များ သတ်မှတ်ခြင်းပိုင်ကြောင်း
(ဖသ်ဝါ)အဆုးံအဖြတ်ပေးထားသည်။
• ကြက်ဖနင့်စပ်လျဉ်း၍ လာရှိသော ဟဒီးဆ်တော် • ဆင့်ပြန်ချက်တစ်ရပ်တွင်~~
တမန်တော်မြတ်ကြီး(ဆွ)သည် ကြက်ဖအဖြူရောင်အား
နစ်ခြိုက်ကြောင်းလာရှိသည်။
ကိုယ်တော်မြတ်(ဆွ)သည် အဖြူရောင်ကြက်ဖတစ်ကောင်
မွေးမြူထားတော်မူသည်။၎င်းပြင် ဆွဟာဗဟ်တပည့်တော်
များသည် ခရီးထွက်သည့်အခါ နမာဇ်အချိန်သိရန်မိမိ
တို့နင့်အတူ ကြက်ဖတစ်ကောင်ကို ယူဆောင်သွားလေ့
ရှိသည်။
နဗီတမန်တော်မြတ်(ဆွ)မိန့်ကြားချက်ကိုဟဇ်ရသ်
အဗူဟိုရိုင်ရဟ်(ရသွေ့)သခင်ကဆင့်ပြန်ခဲ့သည်။
အသင်တို့သည် ကြက်ဖတွန်သံကိုကြားသည့်အချိန်
အလ္လာဟ်အရှင်မြတ်ထံတော်မှ ထိုအရှင်မြတ်၏ ကရုဏာ
တော်အား တောင်းခံပါ။အဘယ်ကြောင့်ဆိုသော် ၎င်းကြက်ဖ
သည် ကောင်းကင်တမန်အား တွေ့မြင်၍ တွန်မည်ခြင်း
ဖြစ်သည်။
ထို့ပြင် လားသတ္တဝါအော်မြည်သံကို ကြားသည့်အခါ
ရိုင်သွာန်မာရ်နသ်၏ အနှောက်အယှက်မှ ကင်းဝေးရန်
ဆုပန်ပါလေ၊အဘယ်ကြောင့်ဆိုသော် ၎င်းသည်ရိုင်သွာန်
ကိုတွေ့မြင်၍ အော်မြည်ခြင်းဖြစ်သည်။
ဟဒီးဆ်တော်တစ်ရပ်တွင် လာရှိသည်မှာ~~
အလ္လာဟ်အရှင်မြတ်သည် အသံ(သုးံမျိုး)အားနစ်မြို့တော်
မူသည်။ယင်းတို့မှာ~~
၁/ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်သံ
၂/ကြက်ဖ တွန်သံ
၃/အာရုဏ်ဦးအချိန်"အိစ်သိဂ်ဖာရ်"ရွတ်ဖတ်သံတို့ဖြစ်သည်။
အဗူဒါဝူးဒ်နင့်အိဗ်နူမာဂျာဟ်ကျမ်း၌~~ဟဒီးဆ်တော်
တစ်ရပ် ဤသို့လာရှိသည်။
တမန်တော်မြတ်(ဆွ)မိန့်ကြားတော်မူခဲ့သည်၊""အသင်တို့
သည် ကြက်ဖ အားဆဲဆိုကြိမ်းမောင်းခြင်း မပြုကုန်လင့်၊
အကြောင်းမှာ ၎င်းသည် နမာဇ်အတွက် နိုးကြားပေးသည်။
• ကြက်ဖ၏ ဆေးဖက်ဝင် အသုးံကြပုံ • ၁/ကြက်ဖ ၏အသားသည် သက်ကြီးရွယ်အိုများအတွက်
အားအင်ဖြစ်စေ၍ စိတ်ရွှင်လန်းချမ်းမြေ့စေ၏။
၂/ဆောင်းရာသီ၌ ကြက်ဖ၏ အသားစားသုးံခြင်းဖြင့်
အသားအရည်ချောမွေ့စေ၍ ကိုယ်ခန္တာအတွက်များစွာ
အကျိုးသက်ရောက်သည်။
၃/အသက်အရွယ်နုငယ်သော ကြက်ဖ၏အသားသည်
ဝမ်းချုပ်တတ်သောရောဂါသည်များအတွက် ကောင်းမွန်
၏။
၎/ကြက်ဖ မတွန်တတ်သေးမှီအရွယ် ၎င်း၏အသားသည်
လူတိုင်းအတွက် အကောင်းဆုးံဖြစ်သည်။
၅/ကြက်ဖ၏ဦးနှောက်နင့်သွေးကို ပိုးမွှားကောင်ကိုက်ထားသော
နေရာ၌ ပွတ်လိမ်းပေးခြင်းဖြင့် လွန်စွာမှ အကျိုးရှိ၏။
၆/အကယ်၍ ကြက်ဖ၏ဝှေးစေ့ ကိုမိမိ၏ တိုက်ကြက်
တစ်ကောင်အပေါ် ပွတ်လိမ်းပေးပါက မည်သည့်တိုက်
ကြက်မှ ၎င်းအပေါ် အနိုင်ရမည်မဟုတ်ပေ။
ISLAM POST
Labels: ISLAM ဗဟုသုတ
လုံခြုံစွာ ၀တ်ဆင်နေထိုင်မှု မရှိခြင်းသည် အရှက်တရားကင်းမဲ့မှု၏ လက္ခဏာဖြစ်ခြင်း
ISLAM POST
အချို့သောသူများသည် ပရ်ဒဟ် (လုံခြုံစွာဝတ်ဆင်နေထိုင်ခြင်း) ဆိုတာ မော်လ၀ီတွေရဲ့ အမြင်ကျဉ်းမြောင်းခြင်းပါပဲ။ သိပ်အရေးမကြီးပါဘူး"ဟု မှားယွင်းစွာပြောဆိုကြသည်။ ဆင်ခြင်တုံတရားမဲ့ စိတ်သည် အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်များကို မေ့လျော့စေပြီး အီမာန်ရှင် (အစ္စလာမ်ဘာသာဝင်)များအတွင်း ၀င်ရောက်သွားပြီး၊ ၎င်းတို့ စုဝေးမိသောအခါ ဝေဖန်ပုတ်ခတ်ပြောဆိုကြသည်။
ထို့အပြင် သတင်းဌာနများတွင်လည်း ပရ်ဒဟ်မဲ့ သတင်းကြေညာကြသည် အရှက်တရားကင်းမဲ့မှုများအပေါ်တင်မှီနေသောကြောင့် မသင့်လျော်သော လုပ်ဆောင်ချက်ပင်ဖြစ်သည်။
ဆရာသခင်ကြီး ဟဿွရ် မော်လနာ အဗ်ရာရှလ်ဟပ်က့်က ဒါကာမြို့ရှိ ဗလီတစ်လုံး၌ တရားဓမ္မဟောကြားရာတွင် လူတွေက ပရ်ဒဟ်အရေးမကြီးပါဘူးလို့ ပြောကြတယ်။ အဲဒီလူတွေက အလ္လာဟ်အရှင်မြတ်နဲ့ အရှင့်တမန်တော် (PBUH) ရဲ့ အမိန့်မနာခံသူတွေဖြစ်တယ်။
ဒါပေမဲ့ သူတို့ရဲ့ခေါင်းထဲမှာ ဆင်ခြင်တုံတရားဆိုတာ မရှိကြဘူး။ ဆင်ခြင်တုံတရား ခေါင်းပါးမှုရောဂါတွေ ဖြစ်နေကြတယ်။ ထိုသို့ဟောကြားမှုအပေါ် အချို့သောသူများက ဆရာကြီးအား ဆရာကြီးခင်ဗျာ၊ ပရ်ဒဟ်ကို ဆန့်ကျင်သူတွေဟာ ဘာကြောင့် အသိတရားခေါင်းပေါင်းသူတွေ ဖြစ်ရတာလဲ?ဟု စောဒကတ် မေးမြန်းကြသောအခါ၊ ဆရာကြီးက အံ့သြစရာပဲ ခင်ဗျားတို့ကို ကုရ်အာန်နဲ့ ဟဒီးဆ်ရဲ့ အထောက်အထားတွေနဲ့ တင်ပြပါမယ် ဟု ဖြေကြားခဲ့သည်။
ထိုသူတို့ ကုရ်အာန်နဲ့ ဟဒီဆ်ရဲ့ အထောက်အထားတွေ မပြပါနဲ့ ဦးနှောက်လက်ခံနိုင်တဲ့ အထောက်အထားပြပါဟု ပြောကြသောအခါ၊ ဆရာကြီးက အံ့သြစရာပဲ ခင်ဗျားတို့ရင်ထဲမှာ ကုရ်အာန်၊ ဟဒီးဆ်ရဲ့ ကြီးကျယ်မှုဆိုတာ ဘာမှမရှိတော့ပါလား၊ ဦးနှောက်မှာ မပေါ်သမျှ လက်မခံကြပါလားဟုဟု မိန့်ဆိုခဲ့သည်။
၆ နှစ်အရွယ်ကလေးငယ်တစ်ယောက်သည် ဦးနှောက်နောက်လိုက် ကွန်မြူနစ်ဝါဒီဆရာအား အငေးသာကျန်ခဲ့လေအောင် ပြတ်ပြတ်သားသားအဖြေပေးခဲ့သော ဖြစ်ရပ်တစ်ခုရှိခဲ့သည်။
ထိုကွန်မြူနစ်ဝါဒီဆရာက မမြင်ရတဲ့ အရာကို ရှိတယ်လို့ မထောက်ခံနိုင်ဘူး ဒါကြောင့် မမြင်ရဘဲနှင့် အလ္လာဟ်ကို ဘယ်လို လက်ခံရမှာလဲ ဟု ပြောဆိုပေသည်။
ထိုအခါ ကလေးငယ်က မတ်တပ်ရပ်ပြီး ပြောသည်မှာ ဆရာ ခွင့်ပြုမယ်ဆိုရင် ကျွန်တော်စကားတစ်ခွန်းလောက် ပြောချင်ပါတယ် ဆရာက ပြောပါဟု ခွင့်ပြုသည် ကလေးငယ်က ဦးနှောက် (အသိတရား)ဆိုတဲ့အရာကို ဆရာ မြင်ဖူးပါသလား ဆရာကတော့ မမြင်ဖူးပါဘူးလို့ ဖြေလေသည်။
ကလေးငယ်က ဆရာက မမြင်တဲ့အရာကို လက်မခံဘူးဆိုလျှင် ဆရာကို ဦးနှောက် (အသိတရား) မရှိတဲ့ လူလို့ပဲသတ်မှတ်ရလိမ့်မယ်" ဆရာကတော့ ရှက်လွန်း၍ နှုတ်ဆက်နေလိုက်ရတော့သည်။ ကလေးလေးတစ်ယောက်က ဦးနှောက်တစ်ခုကို တည့်မတ်ပေးလိုက်ပြီ။
ပရ်ဒဟ်မဲ့မှုနှင့် ဆင်ခြင်တုံတရားအမြင်
ဆရာကြီးက ဆက်လက်မိန့်ကြားသည်မှာ အခု ဦးနှောက်က လက်ခံနိုင်တဲ့ အထောက်အထားတွေကို နားထောင်လိုက်ပါဦး နွားနို့ကို ကြောင်ရန်ကနေ ကာကွယ်မလား၊ မဖုံးပဲ ထားမလား?
ပရိသတ်...... ကျွန်တော်တို့ နွားနို့ကို ကြောက်ရန်ကနေ ကာကွယ်ဖို့ လုံခြုံတဲ့ ကြောင်အိမ်ထဲ ထည့်ထားရပါတယ်။
ဆရာကြီး------ အစားစာတွေကို ကြွက်ရန်ကနေ ကာကွယ်သလား၊ ဒါမှမဟုတ် ဒီအတိုင်းထားသလား?
ပရိသတ်------- အစားစာတွေကို ကြွက်ရန်ကနေ ကာကွယ်ဖို့ သိမ်းထားရပါတယ်။
ဆရာကြီး------- လခရတဲ့ ငွေကြေးတွေကို ဘယ်မှထားသလဲ? ဒီအတိုင်း ပေါ်ပေါ်တင်တင်ထားသလား? 'ဒါမှမဟုတ် အတွင်းအိတ်ထဲထည့်ပြီး ခါးပိုက်နှိက်ရန် ကြောက်လို့ အိတ်ပေါ်လက်တင်ထားသလား?
ဆရာကြီးက ဆက်လက်ပြီး ပရိသတ်ကို မိန့်ကြားသည်၊ ပိုက်ဆံကို ထိန်းသိမ်းဖို့ အရေးကြီးတယ်လို့ ခင်ဗျားတို့ထင်ကြတယ်။ နွားနို့ကို ကြောင်ရန်ကနေ ကာကွယ်ကြတယ်။ အသားကို စွန်ရန်ကနေ ကာကွယ်ကြတယ်။ ခင်ဗျားတို့ရဲ့ဇနီး သမီးတွေဟာ အစားအစာလောက် တန်ဖိုးမရှိတော့ဘူးလား?
နွားနို့ထက်တန်ဖိုးနည်းနေလို့လား? အသားထက် တန်ဖိုးကျနေလို့လား? ကောင်းပြီ၊ နွားနို့က ကြောင်ဆီကို သွားဖို့ အင်အားရှိသလား? အသားစွန်ဆီကို ပျံသွားနိုင်သလား? အစားစာက ကြွက်ဆီကို ပြေးပြီးသွားနိုင်သလား? 'ဒါပေမယ့် အမျိုးသမီးတွေကတော့ ကိုယ်တိုင်ဆွဲပြောနိုင်တဲ့ အင်အား၊ အရည်အချင်းတွေ ရှိတယ်။
ကြောင်ကတစ်ကီလိုရှိတဲ့ နွားနို့ထဲက ၁ ပေါင်လောက်သောက်လိုက်ရင် ကျန်တဲ့နွားနို့ကို ခင်ဗျားတို့ သောက်လို့ရသလား၊ မရဘူးလား? ပရိတ်သတ်အားလုံးက ရကြောင်း ဖြေကြသည်။ ဆရာကြီးကဆက်လက်ပြီး အကယ်၍ ကြွက်အစားစာအချို့ကို စားသွားမယ်။ ခင်ဗျားတို့ မစားကြဘူးလား? အားလုံးက စားလို့ရကြောင်းဖြေကြသည် တစ်ဖန် ဆရာကြီးက ခါးပိုက်နှိုက်က ပိုက်ဆံတွေခိုးသွားတယ်။ နောက်မှ ကြောက်ပြီး ခိုးသွားတဲ့ ပိုက်ဆံရဲ့ နှစ်ဆပြန်လာပေးရင် အဲဒီပိုက်ဆံမှာ အပြစ်ရှိသလား? အဲဒီပိုက်ဆံကို ခင်ဗျားတို့ မသုံးစွဲနိုင်ဘူးလားဟု မေးမြန်းသောအခါ အားလုံးက သုံးစွဲနိုင်ကြောင်း ဖြေကြသည်။
ဆက်လက်ပြီး ဆရာကြီးက စွန်က အသားတွေချီသွားတယ် ပြီးတော့ ပြန်လာတဲ့အခါ အသားအချို့ ကျန်ရစ်ခဲ့တယ်။ ဒီအသားကို ခင်ဗျားတို့ ဆေးကြောပြီး ချက်ပြုတ်စားလို့မရဘူးလား? ရှရီအသ်(တရားတော်)က ဒီအသားကို မစားဖို့ တားမြစ်ထားသလား? ရှရီအသ်တရားတော်က ဒီအသားကိုမစားဖို့ တားမြစ်ထားသလား? မုဖ်သီဆပ်ထိုင်နေတယ်။ မေးလိုက်ပါ။ ဒီလိုအသားကို ဆေးကြောချက်ပြုတ်ပြီး မက်ရူဟ်မဖြစ် စားသုံးနိုင်ပါတယ်။
ဒါပေမဲ့ တစ်စုံတစ်ယောက်ရဲ့ ဇနီး၊သမီးကို တစ်ယောက်ယောက်က တစ်ညတာအတွက်၊ ဒါမှမဟုတ် တစ်နေ့တာအတွက် ခိုးပြေးသွားမယ်ဆိုရင် ဆွေးမျိုးအသိုင်းအ၀ိုင်းတစ်ခုလုံး သိက္ခာကျရတော့တယ်။ အဲဒီမိန်းကလေးအပြစ်ရှိသူ ဖြစ်သွားတယ်။ ဒီလိုဖြစ်ရပ်တွေကို နေ့စဉ်နှင့်အမျှ သတင်းစာတွေမှာ ဘယ်သူ ဘယ်ဝါရဲ့သမီးကတော့ ဖျားယောင်းခံလိုက်ရပြ်ီ။ ဌာနကို တိုင်ကြဆိုတာတွေကို ခင်ဗျားတို့ဖတ်နေရတယ်။ ဒါပေမဲ့ အသိုင်းအ၀ိုင်းတစ်ခုလုံးကတော့ သိက္ခာ မဲ့ကြရတယ်။
ဒီအသိုင်းအ၀ိုင်းရဲ့ မိန်းကလေးကတော့ နှစ်ရက်လောက် ပျောက်သွားတယ်။ ဒါမှမဟုတ် Japan London, England America Thailand Hor land, Switzarland, Polan, ရှိသမျှ land တွေရဲ့ လူမျိုးစုတွေနဲ့ အပြည်ပြည်ဆိုင်ရာအားဖြင့် ယနေ့ခင်ဗျားတို့တတွေက အမျိုးသမီးတွေကို စုပေါင်းစပ်ပေါင်း စည်းစိမ်တစ်ခုအဖြစ် ပြုလုပ်ထားကြတယ်။
အဲဒီမှာ ပရ်ဒဟ်(အရှက်ထိန်းသိမ်းဝတ်ဆင်မှု)မရှိ၊ အရှက်သိက္ခာမဲ့မှုရဲ့ ဖက်ရှင်အသစ်တွေနဲ့ ဘယ်လို ဖြစ်ပေါ်နေလဲလို့ ကျွန်တော်မေးချင်ပါတယ်။ သူတို့ရဲ့ မျိုးဆက်တွေကို အတည်ပြုဖို့ ခဲယဉ်းသွားပြီ။ ယနေ့အနောက်တိုင် ပုဂ္ဂိုလ် တစ်ယောက်ရဲ့ ဟလာလ်(တရားတော်မှခွင့်ပြုချက်) မျိုးဆက်ဖြစ်ခြင်းကို အတည်ပြုဖို့ ခဲယဉ်းသွားပြီ၊ ဒါကြောင့် အနောက်တိုင်ပုဂ္ဂိုလ်တစ်ယောက်ကို အဖေနာမည် မေးလိုက်ရင် မကောင်းထင်ကြတယ်။ ပတ်စ်ပို့စတဲ့အရာတွေမှာ ဖခင်အမည်နေရာမှာ မိခင်နာမည်ကို ရေးကြရတယ်။ ပရ်ဒဟ်ကြောင့် ဘာအခက်အခဲဖြစ်သွားလဲလို့ အဲဒီ ဖက်ရှင် နောက်လိုက်တွေကို မေးချင်ပါတယ်။ မျိုးဆက်မထိန်းသိမ်းမှုကြောင့် သူတို့မှာ မိဘချစ်စိတ်မရှိကြတော့ဘူး သူတို့တွေရဲ့ အကြောအချင်တွေမှာ မိဘသွေးမပါပဲ စုပေါင်း စပ်ပေါင် သွေးနှောနေလို့ပါပဲ ဒါကြောင့် မိဘတွေ အသက်ကြီးပြီး ရင့်လာတဲ့အခါ မြို့ပြင်မှာ ရှိတဲ့ Old house လို့ခေါ်တဲ့ လူအိုရုံကို ပို့လိုက်ကြတော့သည်။ တစ်နှစ်မှာ တစ်ခါလာတွေ့ကြတယ်။ မုန့်ပဲသရေစာ အနည်းအငယ်ပေးပြီးရင် တာဝန်ကျေပြီဟု ထင်ကြတယ်။
(လာဟောက်ဝ်လ၊ ၀လာကုဝ်သ၊ အိလာဗိလ္လာဟ်)
မိတ်ဆွေတို့ နှလုံးသားထဲက နာကျင်ခံစားပြီး ပြောနေတာပါ။ အဲဒီရန်သူတွေ၊ အသိတရား ခေါင်းပေါင်းသူတွေနောက်ကို မလိုက်ကြပါနဲ့တော့။ ကိုယ်တော်မြတ် (PBUH) လမ်းစဉ်အပေါ်မှာ လျှောက်လှမ်းကြပါတော့။ ကိုယ်တော်မြတ် (PBUH) ရဲ့ စွန္နသ်တော်တွေကို ရှင်သန်အောင် အသက်သွင်းကြပါတော့။
ISLAM POST
Labels: ISLAM ဗဟုသုတ
Friday, May 12, 2017
အကောင်းဆုံး ဒိုအာတောင်းနည်း
ISLAM POST
ဒုအားမတောင်းခင်ဂုဏ်တော်(99)ပါကိုအရင်ဖတ်pဒုအားတောင်းလျှင်ပိုကောင်းသည်။
အို_အလ္လာဟ်
ကျွန်တော်မျိုးမရဲ့ အပြစ်ဂိုနဟ်တွေကို ခွင့်လွှတ်တော်မူပါ...
နေ့မှာ ဖြစ်စေ ~ ညမှာ ဖြစ်စေ
အလင်းမှာ ဖြစ်စေ ~ အမှောင်မှာ ဖြစ်စေ
သိလျက်နဲ့ ဖြစ်စေ ~ မေ့မှားပြီး ဖြစ်စေ
တစ်ဦးထဲ ဖြစ်စေ ~ အုပ်စုလိုက် ဖြစ်စေ
ကိုယ်ထိလက်ရောက် ဖြစ်စေ ~ စိတ်ကူးနဲ့ ဖြစ်စေ
ကျူးလွန်ခဲ့မိတဲ့ ဂိုနဟ် ဆွဂီရဟ် , ဂိုနဟ် ကဗီရဟ် အားလုံးကို မအ်ဖ်လုပ်တော်မူပါ...
အို_အလ္လာဟ်
ကျန်ရှိသက်တမ်းမှာ အလ္လာဟ်အရှင်မြတ် အမိန့်တော်တွေ အားလုံးကို တမန်တော်မြတ် (ဆွ) ရဲ့ စွန္နသ်တော်အတိုင်း နာခံခွင့် ချီးမြှင့်တော်မူပါ...
အို_အလ္လာဟ်
မိမိ စိတ်ကြိုက် ဘဝ သက်တမ်းကို နေခဲ့ခြင်းမှ မအ်ဖ်လုပ်တော်မူပါ...
အလ္လာဟ်အရှင် ကျေနပ်နှစ်သက်တဲ့ ပုံစံအတိုင်း ကျန်ရှိ သက်တမ်းကို ကုန်ဆုံးနိုင်စွမ်း ပေးသနားတော်မူပါ...
အို_အလ္လာဟ်
ဆွဟာဗဟ်တွေကတော့ ကောင်းတဲ့ အသိုင်းအဝိုင်းကို ရရှိခဲ့ပါတယ်...
ကျွန်တော်မျိုးမတို့ ပတ်ဝန်းကျင်ကတော့ ဂိုနဟ်နဲ့ အသိုင်းအဝိုင်းပါ...
အလ္လာဟ် ထိန်းသိမ်းတော်မူပါ...
အို_အလ္လာဟ်
အမျိုးသားတွေကိုလည်း ထိန်းသိမ်းတော်မူပါ...
အမျိုးသမီးတွေကိုလည်း ထိန်းသိမ်းတော်မူပါ...
ကလေး သူငယ်များကိုလည်း ထိန်းသိမ်းတော်မူပါ...
ကောင်းတဲ့ အသိုင်းအဝိုင်းမှာပဲ ထားတော်မူပါ...
အို_အလ္လာဟ်
မိဘ ၊ ဆရာသမားတွေရဲ့ အပြစ်တွေကို မအ်ဖ်လုပ်တော်မူပါ...
အို_အလ္လာဟ်
ကလိမဟ်နဲ့ ကိုက်ညီတဲ့ ဘဝသက်တမ်းကို ချီးမြှင့်တော်မူပါ...
ကလိမဟ်ရဲ့ ဟကီကသ်ကို ချီးမြှင့်တော်မူပါ...
အို_အလ္လာဟ်
တမန်တော်မြတ် (ဆွ) ရဲ့ စွန္နသ်တော် အတိုင်း ဘဝဇင်ဒဂီကို ကုန်ဆုံးနိုင်တဲ့ သက်တမ်း ချီးမြှင့်တော်မူပါ...
စွန္နသ်တော်တွေ သင်ယူဆည်းပူးပြီး သူ့နေရာနှင့်သူ ဖတ်ရွတ်နိုင်စွမ်း ပေးသနားတော်မူပါ...
အို_အလ္လာဟ်
နမာဇ် (၅) ကြိမ် ကို စွဲစွဲမြဲမြဲ ဖတ်နိုင်စွမ်း ပေးသနားတော်မူပါ...
ဂျမအသ် နှင့် တကွ ဖတ်နိုင်စွမ်း ချီးမြှင့်တော်မူပါ...
သတ်က်ဗီးရ်အူလာ နှင့် ဖတ်နိုင်စွမ်း ချီးမြှင့်တော်မူပါ...
ဆွဖ်ဖေအူလာမှာ ဖတ်နိုင်စွမ်း ချီးမြှင့်တော်မူပါ...
အသက်ပါတဲ့ နမာဇ် ဖတ်နိုင်စွမ်း ချီးမြှင့်တော်မူပါ...
အလ္လာဟ်ရဲ့ ဒဟ်ယာန်နဲ့ တကွ ဖတ်နိုင်စွမ်း ချီးမြှင့်တော်မူပါ...
အို_အလ္လာဟ်
အေလင်မ်ရဲ့ နူရ်ကို ချီးမြှင့်တော်မူပါ...
ဇိကိရ်ရဲ့ နူရ်ကို ချီးမြှင့်တော်မူပါ...
ဂျဟာလသ်ကို အလ္လာဟ် ခတမ် လုပ်တော်မူပါ...
အစ်ကရာမ်ရဲ့ အရည်အချင်း ချီးမြှင့်တော်မူပါ...
အို_အလ္လာဟ်
ကျွန်တော်မျိုးမတို့ရဲ့ အခ်လားက်ကို မြင့်မားအောင် လုပ်ပေးတော်မူပါ...
မွတ်စ်လင်မ်ရဲ့ တန်ဖိုး ကျွန်တော်မျိုးမတို့ရဲ့ နှလုံးသားထဲ ထည့်ပေးတော်မူပါ...
မွတ်စ်လင်မ်ရဲ့ ဂုဏ်သိက္ခာ ကျွန်တော်မျိုးမတို့ရဲ့ နှလုံးသားထဲ ထည့်ပေးတော်မူပါ...
အခ်လားက်ရဲ့ အရည်အချင်း ချီးမြှင့်တော်မူပါ...
အို_အလ္လာဟ်
ကျွန်တော်မျိုးမတို့ရဲ့ ဂျန်မာလ်ကို အလ္လာဟ် ဒီန်း အတွက် လက်ခံတော်မူပါ...
မကောင်းတဲ့ နေရာတွေမှာ သုံးစွဲမိပါတယ်...
ဒီနေ့က စပြီး ကောင်းတဲ့နေရာမှာပဲ သုံးမယ်လို့ အဇာအင်မ် လုပ်ပါတယ်...
အို_အလ္လာဟ်
နောက်ဆုံးအချိန် ကျွန်တော်မျိုးမတို့ကို ရာဇွီဖြစ်တော်မူပါ...
အလ္လာဟ် ကျေနပ်တော်မူပါ...
နောက်ဆုံး အချိန်အထိ ဒီန်းရဲ့ အသိုင်းအဝိုင်းမှာပဲ ထားတော်မူပါ...
သေခါနီး အချိန်မှာ ကလိမဟ်ကို ချီးမြှင့်တော်မူပါ...
ဟွစ်နေခါသေမဟ်ကို ချီးမြှင့်တော်မူပါ...
အို_အလ္လာဟ်
ကျွန်တော်မျိုးမ အပါအဝင် ၊ ကျွန်တော်မျိုးမ မောင်နှမ , မိသားစု ၊ ကျွန်တော်မျိုးမ မိဘ အပါအဝင် ၊ ကျွန်တော်မျိုးမ အမျိုးအသိုင်းအဝိုင်းများ အားလုံးကို ယာအလ္လာဟ် အရှင်မြတ် အမိန့်တော် ခံယူတော်မူရာတွင် ဆိုးရွားစွာ အလ္လာဟ် အမိန့်ခံခြင်းမှ ဖယ်ရှားပေးတော်မူပါ ယာအလ္လာဟ်..
ချောချောမွေ့မွေ့နှင့် ညင်သာစွာ အလ္လာဟ် အမိန့် ခံယူနိုင်တဲ့ နစေ့ဖ် အလ္လာဟ်အရှင် ချီးမြှင့်ပေးတော်မူပါ...
အလ္လာဟ်အရှင်မြတ် အမိန့်တော် ခံယူပြီးတဲ့နောက်မှာလည်း ကဗရ် အာဇားဗ်မှ လွတ်ငြိမ်းခွင့်ပေးတော်မူပါ...
ကဗရ်ကို ကျယ်ဝန်းစေတော်မူပါ...
ဂျန္နသ်ရဲ့ တံခါးများကို ဖွင့်ပေးတော်မူပါ...
ကဗရ်ကို လင်းဝင်းစေတော်မူပါ...
မနက်ဖြန် ကေယာမသ်နေ့ကျရင် အလ္လာဟ်ရဲ့ အရှ်ရဲ့ အရိပ်အာဝါသ အောက်မှာ ထားတော်မူပါ...
#အို_အလ္လာဟ်
အအ်မာနာမာကို ညာဘက်မှ ချီးမြှင့်တော်မူပါ...
#အို_အလ္လာဟ်
အလ္လာဟ် ရှေ့မှာ ရပ်ရမယ်...
ကျွန်တော်မျိုးမတို့ လုပ်ထားသောအပြစ် အားလုံးပေါ်မယ်...
အလ္လာဟ် ကျွန်တော်မျိုးမရဲ့ အပြစ် ဂိုနဟ်တွေကို ဖုံးပေးတော်မူပါ...
ပွရ်ဆွေရားသ် တံတားမှ လျင်မြန်စွာ ဖြတ်ကူးနိုင်စွမ်း ပေးတော်မူပါ...
#အို_အလ္လာဟ်
ဂျန္နသွလ်ဖရ်ဒေါက်စ်ကို ချီးမြှင့်တော်မူပါ...
အလ္လာဟ်ရှီမှာ ဂျန္နသွလ်ဖရ်ဒေါက်စ်ကို တောင်းခံပါတယ်...
မထိုက်တန်ပါဘူး ယာအလ္လာဟ်...
သို့သော်.. အလ္လာဟ် နဗီက ဂျန္နသွလ်ဖရ်ဒေါက်စ်ကို တောင်းခိုင်းထားပါတယ်...
ဒုအာတောင်းပြီလျှင်ဒရှုရှရဖ်ကို၁၁ခေါက်ဖတ်ပါ။
ISLAM POST
Labels: ဒုအာနှင့်ပက်သက်သမျှ
Wednesday, May 10, 2017
အလ္လာအရှင်မြတ်ဖုံးကွယါထားသောအရာ၆ခု
ISLAM POST
အလ္လာဟ်အရှင်မြတ် ဖုးံကွယ်ထားသော အရာ(၆)ခု
===============================
အလ္လာဟ်အရှင်မြတ်က ခြောက်မျိုးသောအရာကို ခြောက်နေရာမှာဖွက်ထားပါတယ်။။
၁။။ အေလင်မ်ပညာကို၊ဆာလောင်မူနဲ့ခရီး
ထွက်ခြင်းမှာဖွက်ထားတယ်။လူတွေကဝမ်းဝ
အောင်စားပြီးမိမိဌာနေမှာရှဖွေနေကြတယ်။
၂။။ ငြိမ်းချမ်းသာယာမူနဲ့ရိုဇီရိက္ခာကို"နမာဇ်"
ဝတ်ပြုခြင်းမှာဖွက်ထားတယ်၊လူတွေက
ဒွန္နယာလောကကြီးမှာပင်ပန်းတကြီးရှာဖွေ
နေုကြတယ်။။
၃။။ ဂုဏ်သိက္ခာရှိခြင်းကို"ညရဲ့အေဗာဒသ်"မှာ
ဖွက်ထားတယ်။လူတွေကရာထူးအာဏာ
ရှိဖို့အတွက်ဘုရင့်ရဲ့နန်းတော်တွေမှာရှာဖွေ
နေကြတယ်။။
၎။။ ဒိုအာဆုတောင်းပြည့်ခြင်းကို"ဟလာလ်"
ရှာဖွေမူရဲ့ထမင်းလုပ်မှာဖွက်ထားတယ်။
လူတွေက"ဟရာမ်"ရှာဖွေမူရဲ့ထမင်းလုပ်မှာ
ရှာဖွေနေကြတယ်။
၅။။ အဆင့်အတန်းမြင့်မားမူကို၊ရိုကျိုးမူနဲ့ကျိုးနွံ
မူမှာဖွက်ထားတယ်။လူတွေက"သက္ကဗူလ်"မာန
တရားမှာရှာဖွေနေကြတယ်။။
၆။။ ချောင်လည်ကြွယ်ဝမူကိုရောင့်ရဲတင်းတိမ်မူ
မှာဖွက်ထားတယ်။လူတွေကလောကမှာရုန်း
ကန်ပြီးလောဘတကြီးရှာဖွေနေကြတယ်။
"ဖွက်ထားတဲ့အရာလည်းသိပြီ၊ ရှာရမဲ့နေရာ
လည်းသိပြီ။။ ကျနော်တို့တစ်တွေအားလုးံရှာဖွေမူမှကန်ပြီးအကျိုးထူးခံစားနိုင်ကြပါစေ...."အာမီန်း"
Labels: ISLAM ဗဟုသုတ