Saturday, May 13, 2017

လုံခြုံစွာ ၀တ်ဆင်နေထိုင်မှု မရှိခြင်းသည် အရှက်တရားကင်းမဲ့မှု၏ လက္ခဏာဖြစ်ခြင်း

ISLAM POST



အချို့သောသူများသည် ပရ်ဒဟ် (လုံခြုံစွာဝတ်ဆင်နေထိုင်ခြင်း) ဆိုတာ မော်လ၀ီတွေရဲ့ အမြင်ကျဉ်းမြောင်းခြင်းပါပဲ။ သိပ်အရေးမကြီးပါဘူး"ဟု မှားယွင်းစွာပြောဆိုကြသည်။ ဆင်ခြင်တုံတရားမဲ့ စိတ်သည် အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်များကို မေ့လျော့စေပြီး အီမာန်ရှင် (အစ္စလာမ်ဘာသာဝင်)များအတွင်း ၀င်ရောက်သွားပြီး၊ ၎င်းတို့ စုဝေးမိသောအခါ ဝေဖန်ပုတ်ခတ်ပြောဆိုကြသည်။ ထို့အပြင် သတင်းဌာနများတွင်လည်း ပရ်ဒဟ်မဲ့ သတင်းကြေညာကြသည် အရှက်တရားကင်းမဲ့မှုများအပေါ်တင်မှီနေသောကြောင့် မသင့်လျော်သော လုပ်ဆောင်ချက်ပင်ဖြစ်သည်။ ဆရာသခင်ကြီး ဟဿွရ် မော်လနာ အဗ်ရာရှလ်ဟပ်က့်က ဒါကာမြို့ရှိ ဗလီတစ်လုံး၌ တရားဓမ္မဟောကြားရာတွင် လူတွေက ပရ်ဒဟ်အရေးမကြီးပါဘူးလို့ ပြောကြတယ်။ အဲဒီလူတွေက အလ္လာဟ်အရှင်မြတ်နဲ့ အရှင့်တမန်တော် (PBUH) ရဲ့ အမိန့်မနာခံသူတွေဖြစ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ခေါင်းထဲမှာ ဆင်ခြင်တုံတရားဆိုတာ မရှိကြဘူး။ ဆင်ခြင်တုံတရား ခေါင်းပါးမှုရောဂါတွေ ဖြစ်နေကြတယ်။ ထိုသို့ဟောကြားမှုအပေါ် အချို့သောသူများက ဆရာကြီးအား ဆရာကြီးခင်ဗျာ၊ ပရ်ဒဟ်ကို ဆန့်ကျင်သူတွေဟာ ဘာကြောင့် အသိတရားခေါင်းပေါင်းသူတွေ ဖြစ်ရတာလဲ?ဟု စောဒကတ် မေးမြန်းကြသောအခါ၊ ဆရာကြီးက အံ့သြစရာပဲ ခင်ဗျားတို့ကို ကုရ်အာန်နဲ့ ဟဒီးဆ်ရဲ့ အထောက်အထားတွေနဲ့ တင်ပြပါမယ် ဟု ဖြေကြားခဲ့သည်။ ထိုသူတို့ ကုရ်အာန်နဲ့ ဟဒီဆ်ရဲ့ အထောက်အထားတွေ မပြပါနဲ့ ဦးနှောက်လက်ခံနိုင်တဲ့ အထောက်အထားပြပါဟု ပြောကြသောအခါ၊ ဆရာကြီးက အံ့သြစရာပဲ ခင်ဗျားတို့ရင်ထဲမှာ ကုရ်အာန်၊ ဟဒီးဆ်ရဲ့ ကြီးကျယ်မှုဆိုတာ ဘာမှမရှိတော့ပါလား၊ ဦးနှောက်မှာ မပေါ်သမျှ လက်မခံကြပါလားဟုဟု မိန့်ဆိုခဲ့သည်။ ၆ နှစ်အရွယ်ကလေးငယ်တစ်ယောက်သည် ဦးနှောက်နောက်လိုက် ကွန်မြူနစ်ဝါဒီဆရာအား အငေးသာကျန်ခဲ့လေအောင် ပြတ်ပြတ်သားသားအဖြေပေးခဲ့သော ဖြစ်ရပ်တစ်ခုရှိခဲ့သည်။ ထိုကွန်မြူနစ်ဝါဒီဆရာက မမြင်ရတဲ့ အရာကို ရှိတယ်လို့ မထောက်ခံနိုင်ဘူး ဒါကြောင့် မမြင်ရဘဲနှင့် အလ္လာဟ်ကို ဘယ်လို လက်ခံရမှာလဲ ဟု ပြောဆိုပေသည်။ ထိုအခါ ကလေးငယ်က မတ်တပ်ရပ်ပြီး ပြောသည်မှာ ဆရာ ခွင့်ပြုမယ်ဆိုရင် ကျွန်တော်စကားတစ်ခွန်းလောက် ပြောချင်ပါတယ် ဆရာက ပြောပါဟု ခွင့်ပြုသည် ကလေးငယ်က ဦးနှောက် (အသိတရား)ဆိုတဲ့အရာကို ဆရာ မြင်ဖူးပါသလား ဆရာကတော့ မမြင်ဖူးပါဘူးလို့ ဖြေလေသည်။ ကလေးငယ်က ဆရာက မမြင်တဲ့အရာကို လက်မခံဘူးဆိုလျှင် ဆရာကို ဦးနှောက် (အသိတရား) မရှိတဲ့ လူလို့ပဲသတ်မှတ်ရလိမ့်မယ်" ဆရာကတော့ ရှက်လွန်း၍ နှုတ်ဆက်နေလိုက်ရတော့သည်။ ကလေးလေးတစ်ယောက်က ဦးနှောက်တစ်ခုကို တည့်မတ်ပေးလိုက်ပြီ။ ပရ်ဒဟ်မဲ့မှုနှင့် ဆင်ခြင်တုံတရားအမြင် ဆရာကြီးက ဆက်လက်မိန့်ကြားသည်မှာ အခု ဦးနှောက်က လက်ခံနိုင်တဲ့ အထောက်အထားတွေကို နားထောင်လိုက်ပါဦး နွားနို့ကို ကြောင်ရန်ကနေ ကာကွယ်မလား၊ မဖုံးပဲ ထားမလား? ပရိသတ်...... ကျွန်တော်တို့ နွားနို့ကို ကြောက်ရန်ကနေ ကာကွယ်ဖို့ လုံခြုံတဲ့ ကြောင်အိမ်ထဲ ထည့်ထားရပါတယ်။ ဆရာကြီး------ အစားစာတွေကို ကြွက်ရန်ကနေ ကာကွယ်သလား၊ ဒါမှမဟုတ် ဒီအတိုင်းထားသလား? ပရိသတ်------- အစားစာတွေကို ကြွက်ရန်ကနေ ကာကွယ်ဖို့ သိမ်းထားရပါတယ်။ ဆရာကြီး------- လခရတဲ့ ငွေကြေးတွေကို ဘယ်မှထားသလဲ? ဒီအတိုင်း ပေါ်ပေါ်တင်တင်ထားသလား? 'ဒါမှမဟုတ် အတွင်းအိတ်ထဲထည့်ပြီး ခါးပိုက်နှိက်ရန် ကြောက်လို့ အိတ်ပေါ်လက်တင်ထားသလား? ဆရာကြီးက ဆက်လက်ပြီး ပရိသတ်ကို မိန့်ကြားသည်၊ ပိုက်ဆံကို ထိန်းသိမ်းဖို့ အရေးကြီးတယ်လို့ ခင်ဗျားတို့ထင်ကြတယ်။ နွားနို့ကို ကြောင်ရန်ကနေ ကာကွယ်ကြတယ်။ အသားကို စွန်ရန်ကနေ ကာကွယ်ကြတယ်။ ခင်ဗျားတို့ရဲ့ဇနီး သမီးတွေဟာ အစားအစာလောက် တန်ဖိုးမရှိတော့ဘူးလား? နွားနို့ထက်တန်ဖိုးနည်းနေလို့လား? အသားထက် တန်ဖိုးကျနေလို့လား? ကောင်းပြီ၊ နွားနို့က ကြောင်ဆီကို သွားဖို့ အင်အားရှိသလား? အသားစွန်ဆီကို ပျံသွားနိုင်သလား? အစားစာက ကြွက်ဆီကို ပြေးပြီးသွားနိုင်သလား? 'ဒါပေမယ့် အမျိုးသမီးတွေကတော့ ကိုယ်တိုင်ဆွဲပြောနိုင်တဲ့ အင်အား၊ အရည်အချင်းတွေ ရှိတယ်။ ကြောင်ကတစ်ကီလိုရှိတဲ့ နွားနို့ထဲက ၁ ပေါင်လောက်သောက်လိုက်ရင် ကျန်တဲ့နွားနို့ကို ခင်ဗျားတို့ သောက်လို့ရသလား၊ မရဘူးလား? ပရိတ်သတ်အားလုံးက ရကြောင်း ဖြေကြသည်။ ဆရာကြီးကဆက်လက်ပြီး အကယ်၍ ကြွက်အစားစာအချို့ကို စားသွားမယ်။ ခင်ဗျားတို့ မစားကြဘူးလား? အားလုံးက စားလို့ရကြောင်းဖြေကြသည် တစ်ဖန် ဆရာကြီးက ခါးပိုက်နှိုက်က ပိုက်ဆံတွေခိုးသွားတယ်။ နောက်မှ ကြောက်ပြီး ခိုးသွားတဲ့ ပိုက်ဆံရဲ့ နှစ်ဆပြန်လာပေးရင် အဲဒီပိုက်ဆံမှာ အပြစ်ရှိသလား? အဲဒီပိုက်ဆံကို ခင်ဗျားတို့ မသုံးစွဲနိုင်ဘူးလားဟု မေးမြန်းသောအခါ အားလုံးက သုံးစွဲနိုင်ကြောင်း ဖြေကြသည်။ ဆက်လက်ပြီး ဆရာကြီးက စွန်က အသားတွေချီသွားတယ် ပြီးတော့ ပြန်လာတဲ့အခါ အသားအချို့ ကျန်ရစ်ခဲ့တယ်။ ဒီအသားကို ခင်ဗျားတို့ ဆေးကြောပြီး ချက်ပြုတ်စားလို့မရဘူးလား? ရှရီအသ်(တရားတော်)က ဒီအသားကို မစားဖို့ တားမြစ်ထားသလား? ရှရီအသ်တရားတော်က ဒီအသားကိုမစားဖို့ တားမြစ်ထားသလား? မုဖ်သီဆပ်ထိုင်နေတယ်။ မေးလိုက်ပါ။ ဒီလိုအသားကို ဆေးကြောချက်ပြုတ်ပြီး မက်ရူဟ်မဖြစ် စားသုံးနိုင်ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်ရဲ့ ဇနီး၊သမီးကို တစ်ယောက်ယောက်က တစ်ညတာအတွက်၊ ဒါမှမဟုတ် တစ်နေ့တာအတွက် ခိုးပြေးသွားမယ်ဆိုရင် ဆွေးမျိုးအသိုင်းအ၀ိုင်းတစ်ခုလုံး သိက္ခာကျရတော့တယ်။ အဲဒီမိန်းကလေးအပြစ်ရှိသူ ဖြစ်သွားတယ်။ ဒီလိုဖြစ်ရပ်တွေကို နေ့စဉ်နှင့်အမျှ သတင်းစာတွေမှာ ဘယ်သူ ဘယ်ဝါရဲ့သမီးကတော့ ဖျားယောင်းခံလိုက်ရပြ်ီ။ ဌာနကို တိုင်ကြဆိုတာတွေကို ခင်ဗျားတို့ဖတ်နေရတယ်။ ဒါပေမဲ့ အသိုင်းအ၀ိုင်းတစ်ခုလုံးကတော့ သိက္ခာ မဲ့ကြရတယ်။ ဒီအသိုင်းအ၀ိုင်းရဲ့ မိန်းကလေးကတော့ နှစ်ရက်လောက် ပျောက်သွားတယ်။ ဒါမှမဟုတ် Japan London, England America Thailand Hor land, Switzarland, Polan, ရှိသမျှ land တွေရဲ့ လူမျိုးစုတွေနဲ့ အပြည်ပြည်ဆိုင်ရာအားဖြင့် ယနေ့ခင်ဗျားတို့တတွေက အမျိုးသမီးတွေကို စုပေါင်းစပ်ပေါင်း စည်းစိမ်တစ်ခုအဖြစ် ပြုလုပ်ထားကြတယ်။ အဲဒီမှာ ပရ်ဒဟ်(အရှက်ထိန်းသိမ်းဝတ်ဆင်မှု)မရှိ၊ အရှက်သိက္ခာမဲ့မှုရဲ့ ဖက်ရှင်အသစ်တွေနဲ့ ဘယ်လို ဖြစ်ပေါ်နေလဲလို့ ကျွန်တော်မေးချင်ပါတယ်။ သူတို့ရဲ့ မျိုးဆက်တွေကို အတည်ပြုဖို့ ခဲယဉ်းသွားပြီ။ ယနေ့အနောက်တိုင် ပုဂ္ဂိုလ် တစ်ယောက်ရဲ့ ဟလာလ်(တရားတော်မှခွင့်ပြုချက်) မျိုးဆက်ဖြစ်ခြင်းကို အတည်ပြုဖို့ ခဲယဉ်းသွားပြီ၊ ဒါကြောင့် အနောက်တိုင်ပုဂ္ဂိုလ်တစ်ယောက်ကို အဖေနာမည် မေးလိုက်ရင် မကောင်းထင်ကြတယ်။ ပတ်စ်ပို့စတဲ့အရာတွေမှာ ဖခင်အမည်နေရာမှာ မိခင်နာမည်ကို ရေးကြရတယ်။ ပရ်ဒဟ်ကြောင့် ဘာအခက်အခဲဖြစ်သွားလဲလို့ အဲဒီ ဖက်ရှင် နောက်လိုက်တွေကို မေးချင်ပါတယ်။ မျိုးဆက်မထိန်းသိမ်းမှုကြောင့် သူတို့မှာ မိဘချစ်စိတ်မရှိကြတော့ဘူး သူတို့တွေရဲ့ အကြောအချင်တွေမှာ မိဘသွေးမပါပဲ စုပေါင်း စပ်ပေါင် သွေးနှောနေလို့ပါပဲ ဒါကြောင့် မိဘတွေ အသက်ကြီးပြီး ရင့်လာတဲ့အခါ မြို့ပြင်မှာ ရှိတဲ့ Old house လို့ခေါ်တဲ့ လူအိုရုံကို ပို့လိုက်ကြတော့သည်။ တစ်နှစ်မှာ တစ်ခါလာတွေ့ကြတယ်။ မုန့်ပဲသရေစာ အနည်းအငယ်ပေးပြီးရင် တာဝန်ကျေပြီဟု ထင်ကြတယ်။ (လာဟောက်ဝ်လ၊ ၀လာကုဝ်သ၊ အိလာဗိလ္လာဟ်) မိတ်ဆွေတို့ နှလုံးသားထဲက နာကျင်ခံစားပြီး ပြောနေတာပါ။ အဲဒီရန်သူတွေ၊ အသိတရား ခေါင်းပေါင်းသူတွေနောက်ကို မလိုက်ကြပါနဲ့တော့။ ကိုယ်တော်မြတ် (PBUH) လမ်းစဉ်အပေါ်မှာ လျှောက်လှမ်းကြပါတော့။ ကိုယ်တော်မြတ် (PBUH) ရဲ့ စွန္နသ်တော်တွေကို ရှင်သန်အောင် အသက်သွင်းကြပါတော့။ 

ISLAM POST


Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home