ကြက်ဖအကြောင်း
ISLAM POST
ကြက်ဖ အကြောင်း
အရဗီအဘီဓာန်၌ "ကြက်ဖ"အား(အဒ်ကီးက်)ဟု
ခေါ်ဆိုသည်။ကြက်ဖ များ၏ထူးခြားချက်မှာ ၎င်းသည်
မိမိ၏ သားပေါ်က်ကလေးများအားအတွယ်အတာ
မရှိပေ။ကြက်မများရှိသည့် နေရာကို ရောက်သွားသည့်
အချိန် ကြက်မ အားလုးံနင့် မိတ်လိုက်လေ၏။
အခြားထူးခြားချက်တစ်ရပ်မှာ ကြက်ဖ များသည်
ညအချိန်များကို ခွဲခြားပိုင်းခြားစွာ သိလေ၏။ထို့ကြောင့်
တွန်နေကြအချိန် ပုံမှန်တွန်လေ့ ရှိသည်။
ယင်းကို ထောက်ရူ၍ ကာဇီဟုစိုင်နင့်ရာဖိအီ သခင်တို့က
ကြက်ဖတွန်သံဖြင့် နမာဇ်အချိန်များ သတ်မှတ်ခြင်းပိုင်ကြောင်း
(ဖသ်ဝါ)အဆုးံအဖြတ်ပေးထားသည်။
• ကြက်ဖနင့်စပ်လျဉ်း၍ လာရှိသော ဟဒီးဆ်တော် • ဆင့်ပြန်ချက်တစ်ရပ်တွင်~~
တမန်တော်မြတ်ကြီး(ဆွ)သည် ကြက်ဖအဖြူရောင်အား
နစ်ခြိုက်ကြောင်းလာရှိသည်။
ကိုယ်တော်မြတ်(ဆွ)သည် အဖြူရောင်ကြက်ဖတစ်ကောင်
မွေးမြူထားတော်မူသည်။၎င်းပြင် ဆွဟာဗဟ်တပည့်တော်
များသည် ခရီးထွက်သည့်အခါ နမာဇ်အချိန်သိရန်မိမိ
တို့နင့်အတူ ကြက်ဖတစ်ကောင်ကို ယူဆောင်သွားလေ့
ရှိသည်။
နဗီတမန်တော်မြတ်(ဆွ)မိန့်ကြားချက်ကိုဟဇ်ရသ်
အဗူဟိုရိုင်ရဟ်(ရသွေ့)သခင်ကဆင့်ပြန်ခဲ့သည်။
အသင်တို့သည် ကြက်ဖတွန်သံကိုကြားသည့်အချိန်
အလ္လာဟ်အရှင်မြတ်ထံတော်မှ ထိုအရှင်မြတ်၏ ကရုဏာ
တော်အား တောင်းခံပါ။အဘယ်ကြောင့်ဆိုသော် ၎င်းကြက်ဖ
သည် ကောင်းကင်တမန်အား တွေ့မြင်၍ တွန်မည်ခြင်း
ဖြစ်သည်။
ထို့ပြင် လားသတ္တဝါအော်မြည်သံကို ကြားသည့်အခါ
ရိုင်သွာန်မာရ်နသ်၏ အနှောက်အယှက်မှ ကင်းဝေးရန်
ဆုပန်ပါလေ၊အဘယ်ကြောင့်ဆိုသော် ၎င်းသည်ရိုင်သွာန်
ကိုတွေ့မြင်၍ အော်မြည်ခြင်းဖြစ်သည်။
ဟဒီးဆ်တော်တစ်ရပ်တွင် လာရှိသည်မှာ~~
အလ္လာဟ်အရှင်မြတ်သည် အသံ(သုးံမျိုး)အားနစ်မြို့တော်
မူသည်။ယင်းတို့မှာ~~
၁/ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်သံ
၂/ကြက်ဖ တွန်သံ
၃/အာရုဏ်ဦးအချိန်"အိစ်သိဂ်ဖာရ်"ရွတ်ဖတ်သံတို့ဖြစ်သည်။
အဗူဒါဝူးဒ်နင့်အိဗ်နူမာဂျာဟ်ကျမ်း၌~~ဟဒီးဆ်တော်
တစ်ရပ် ဤသို့လာရှိသည်။
တမန်တော်မြတ်(ဆွ)မိန့်ကြားတော်မူခဲ့သည်၊""အသင်တို့
သည် ကြက်ဖ အားဆဲဆိုကြိမ်းမောင်းခြင်း မပြုကုန်လင့်၊
အကြောင်းမှာ ၎င်းသည် နမာဇ်အတွက် နိုးကြားပေးသည်။
• ကြက်ဖ၏ ဆေးဖက်ဝင် အသုးံကြပုံ • ၁/ကြက်ဖ ၏အသားသည် သက်ကြီးရွယ်အိုများအတွက်
အားအင်ဖြစ်စေ၍ စိတ်ရွှင်လန်းချမ်းမြေ့စေ၏။
၂/ဆောင်းရာသီ၌ ကြက်ဖ၏ အသားစားသုးံခြင်းဖြင့်
အသားအရည်ချောမွေ့စေ၍ ကိုယ်ခန္တာအတွက်များစွာ
အကျိုးသက်ရောက်သည်။
၃/အသက်အရွယ်နုငယ်သော ကြက်ဖ၏အသားသည်
ဝမ်းချုပ်တတ်သောရောဂါသည်များအတွက် ကောင်းမွန်
၏။
၎/ကြက်ဖ မတွန်တတ်သေးမှီအရွယ် ၎င်း၏အသားသည်
လူတိုင်းအတွက် အကောင်းဆုးံဖြစ်သည်။
၅/ကြက်ဖ၏ဦးနှောက်နင့်သွေးကို ပိုးမွှားကောင်ကိုက်ထားသော
နေရာ၌ ပွတ်လိမ်းပေးခြင်းဖြင့် လွန်စွာမှ အကျိုးရှိ၏။
၆/အကယ်၍ ကြက်ဖ၏ဝှေးစေ့ ကိုမိမိ၏ တိုက်ကြက်
တစ်ကောင်အပေါ် ပွတ်လိမ်းပေးပါက မည်သည့်တိုက်
ကြက်မှ ၎င်းအပေါ် အနိုင်ရမည်မဟုတ်ပေ။
ISLAM POST
Labels: ISLAM ဗဟုသုတ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home